Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 16, 2026

ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ မီးဘေးသင့်ပြည်သူများထံ မြို့နယ် ပအဖ၊ ပကဖ၊ ရေးရာတာဝန်ခံများမှ အရေးပေါ် လိုအပ်ချက် ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်

ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ မီးဘေးသင့်ပြည်သူများထံ မြို့နယ် ပအဖ၊ ပကဖ၊ ရေးရာတာဝန်ခံများမှ အရေးပေါ် လိုအပ်ချက် ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်

ဖေဖော်ဖေရီလ ၁၅၊ VOR

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းထိုး မီးရှို့ခဲ့မှုကြောင့် မီးဘေးသင့် အိမ်ခြေ (၁၈၀) ခန့်အတွက် မြို့နယ် ပအဖ၊ ပကဖ၊ ရေးရာတာဝန်ခံများမှ အရေးပေါ် လိုအပ်ချက် ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၃၁ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ခင်ဦးနယ်အနောက်ခြမ်း ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ ၃ဦးကို သတ်ဖြတ်ခဲ့ပြီး သာဝတ္ထိကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း(၁၄၈)လုံး တိတိ ပြာကျပျက်စီးခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် အိမ်ထောင်စု (၁)စုလျှင် ခြုံစောင် (၂)ထည်၊ ခြင် ထောင် (၁) လုံး၊ ထမင်းချက်ရန် ဒန်အိုး (၁)အိုး၊ ဟင်းချက်ရန် ဒယ်အိုး (၁)လုံး၊ ဒယ် အိုးအဖုံး (၁)ခု၊ ဇွန်းခွက်အကြီး၊ ဟင်းစားဇွန်း (၅) ချောင်း၊ ထမင်းစား ဇလုံ (၅)လုံး၊ သောက်ရေအိုး၊ ပန်းကန်ပြား၊ သောက်ရေခွက်၊ သောက်ရေအိုးအဖုံး၊ ရေချိုးဖလား စသည့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့်များအတွက် အရေးပေါ် လိုအပ်ချက် ယာယီအဆောင်များ ဆောက်လုပ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ကြိုးဝိုင်း ပြင်ပ၊ ပုဂ္ဂလိက စိုက်ခင်း/ သစ်တော မှ မျောတိုင် အလုံးရေ (၄၀၀) ကို မီးဘေးသင့် ကျေးရွာအရောက် ပို့ဆောင်၍ ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မီးဘေးသင့်ကျေးရွာရှိ ပြည်သူများထံ နှစ်သိမ့် အား ပေးခြင်းနှင့် ထောက်ပံ့ကူညီမှုများကို အမျိုးသားညီညွတ်ရေး အစိုးရ ၏ မြို့နယ် ပအဖ၊ မြို့နယ် ပကဖ၊ လူသားစာနာ၊ ပြည်သူ့ဆက်ဆံရေး၊ တရားရေး၊ သတင်းပြန်ကြား၊ ပြည်သူ့ရင်ခွင်၊ ရုံးအဖွဲ့များ၊ ပကဖ ရဲဘော်များ၊ တိုက်နယ်/ရပ်ကျေး ပအဖ/ပကဖ များနှင့်အတူ ကူညီထောက်ပံ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

You may have missed