ဖေဖော်ဝါရီ ၆၊ VOR
ရက္ခိုင်ပြည် ကျောက်တော်အခြေစိုက် ခမရ ၃၇၆တပ်နှင့်မြောက်ဦးမြို့ ခမရ ၃၇၈ တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။
ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” တစ်ရင်းလုံးကို ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြောက်ဦးမြို့ရှိ မိမိတို့၏ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ (၉) လက်အောက်ခံ “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးအားလည်း ယမန်နေ့၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်သည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။
ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့တွင်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးကြောင်း အရေအတွက် အသေးစိတ်အား အတိအကျမသိရသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး လက်နက်ကြီးကျည်များမှာ ဘင်္ဂလာနယ်စပ်ဖက်ခြမ်းရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲလျက်ရှိ ရာ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘင်္ဂလာဒေ့ရှ်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) တို့မှာ သေဆုံးခဲ့ရပြီး ကလေးငယ် (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ