Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 1, 2026

မိသားစုနှင့် ခြိမ်းခြောက်ပြောဆိုသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည် သတိပေး

မိသားစုနှင့် ခြိမ်းခြောက်ပြောဆိုသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည် သတိပေး

ဖေဖော်ဝါရီ ၅၊ VOR

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖြန့်ဝေနေသာ KIA နှင့်မိသားစုများကို ခြိမ်းခြောက် သတိပေးအကြောင်းကြားသည့်စာသည် ဒူးလေးပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းထုတ်ပြန်သည့်စာ ဟုတ်မဟုတ်ကို ပြန်လည်ထုတ်ပြန်စေလိုကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသတိပေးလိုက်သည်။

အဆိုပါ သတိပေးစာထဲတွင် ဦးရွှေမင်းက ဗိုလ်ချုပ်ဂွမ်မော်နှင့် KIA PDF များ၏ မိသားစုနှင့် နေရပ်ကို သိထားသဖြင့် မြစ်ကြီးနားမြို့မှ ၁၀ရက်အတွင်းထွက်ခွာရန်နှင့် မထွက်ခွာပါက မိသားစုဝင်များနှင့် KIA အဖွဲ့၏ အသက်ခန္ဓာကို တာဝန်မယူပါကြောင်း ဒူးလေးပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက အသိပေးထားသည်။

ထိုသို့အသိပေးစာဖြန့်ဝေနေမှုကို ဗိုလ်ချုပ်ဂွမ်မော်က

“မြစ်ကြီးနားတွင်ဖြန့်ဝေနေသော သတိပေးအကြောင်းကြားခြင်း စာသည် ဦးရွှေမင်းထုတ်ပြန်သည်မှာ ဟုတ်/မဟုတ် သိလိုပါသည်။ မဟုတ်ပါက ဖေဖော်ဝါရီ ၈ရက်ည နောက်ဆုံးထား၍ မဟုတ်မှန်ကြောင်း စာထုတ်ပြန်စေလိုပါသည်။ အကယ်၍မထုတ်ပြန်ပါက ဦးရွှေမင်းထုတ်ပြန်သောစာအဖြစ်မှတ်ယူမည်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည်ရေးသားထားသည်။

လက်ရှိအချန်တွင် KIA ပူးပေါင်းတပ်က ကချင်ပြည်နယ် မဘိမ်းမြို့၊ အင်ဂျန်အန်းမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မံစီ၊ ဖားကန့်၊ မြို့များရှိစစ်ကောင်စီတပ်စခန်းအများစုကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သည်။

You may have missed