ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ လာ့တကော(တောင်ကြာအင်း) ရဲစခန်းနှင့် တပ်စခန်းအား KNLAနှင့် KNDO ဦးစီး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုက သတင်းထုတ်ပြန်သည်။
KNU-ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ လာ့တကော(တောင်ကြာအင်း)ရဲစခန်းနှင့်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်(KNDO) ဦးစီးသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာ ၂၈ရက်နေ့ နံနက်အစောပိုင်းအချိန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းကာ စခန်းအားသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
စခန်းအားသိမ်းပိုက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၁၀)ဦး ကိုဖမ်းဆီးရမိကာ လက်နက်(၂၅)လက်နှင့်ဆက်စပ်ခဲယမ်းကျည် ၊ စစ်ပစ္စည်းများတို့ကိုပါသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ