Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 30, 2026

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လူအင်အား လက်နက်အင်အား တိုးချနေ၊ ကန့်ဘလူတွင် တိုက်ပွဲမဖြစ်ဘဲ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဗုံးကျဲ

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လူအင်အား လက်နက်အင်အား တိုးချနေ၊ ကန့်ဘလူတွင် တိုက်ပွဲမဖြစ်ဘဲ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဗုံးကျဲ

ဖေဖော်ဝါရီ ၂၊ VOR

ဒေါင်းညို(ကောလင်း)

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်က ပြန်လည်ရယူနိုင်ရေး စစ်အင်အား လက်နက်အင်အား တိုးချနေပြီး လေကြောင်း ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း ကောလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ကန့်ဘလူနယ် အမတ (၆၀၀၆)မှ ကားများဖြင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကျွန်းလှမြို့သို့လည်းကောင်း၊ ကျွန်းလှမြို့ ဘောလုံးကွင်းမှ (MI-17) Transport-Helicopterဖြင့် ဝန်းသိုတပ်ရင်းသို့ (၄)ကြိမ်၊ ကိုးတောင်ဘို့စခန်းသို့ (၉)ကြိမ်ဆင်းသက်ပြီး လက်နက်အင်အား လူအင်အားတိုးချထားခြင်းများပြုလုပ်ခဲ့သည်ဟု ကောလင်းမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက VOR ကိုပြောသည်။

” ကျွန်းလှ ဝန်းသို၊ ကိုးတော်ဘို့စခန်းတွေကို ပျူတွေနဲ့ စစ်အင်အား လာချသွားတယ် လာချသွားတဲ့ လမ်းတလျောက်လည်း တံတားဦးတက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်”ဟု ကောလင်းမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ဖေဖော်ဝါရီ ၂ နေ့တွင်လည်း ကန့်ဘလူနယ် ကိုးတောင်ဘို့ စစ်ကောင်စီစခန်းသို့ -(MI-17)Transport-Helicopterဖြင့် ၁၀ကြိမ်ထက်မနည်းဆင်းသက်ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်အင်အားများတိုးချဲ့ခြင်းမှာ ကောလင်းမြို့အား မဖြစ်မနေပြန်လည်သိမ်းယူရန် ဗျူဟာမြောက်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ပျူအင်အား အမျာ အပြားအသုံးပြုကာ ထိုးစစ်ဆင်ရန်ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းအရ သိရသည်။

ကောလင်းမြို့ပေါ်မှပြည်သူများ ကြောက်ရွံ့တိမ်းရှောင်သူ များပြားလျက် ကျေးရွာများတွင် စစ်ဘေးရှောင်ပြည်သူများ များပြားလျက်ရှိနေသည်။

ထို့ပြင် ကောလင်းမြို့နှင့် ဆက်စပ်နေသော ကန့်ဘလူနယ်ထဲတွင်လည်း တိုက်ပွဲဖော်ဆောင်မှုမရှိဘဲ သင်တောကျေးရွာ ဘုန်းကြီးကျောင်း၊ ဇော် ချောင်းကျေးရွာဘုန်းကြီးကျောင်း၊ ပင့်သာကြီးကျေးရွာ၊ ဇီးကုန်းစာသင်ကျောင်း၊ ညောင်ကုန်းကျေးရွာတို့အား ဗုံးသီး ကျဲချတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်း ကောလင်းမြို့နှင့် အနီးဆုံးဖြစ်သော ဝန်းသိုမြို့တွင်လည်း ခမရ(၁၁၁)၊ခမရ(၁၂၀)တပ်ရင်းနှစ်ရင်းနှင့် တာဝေးပစ်လက်နက် ကြီးများ၊ မြို့ပတ်ဝန်းကျင်သို့ ခြေလျင်စစ်ကြောင်းများထိုးကာ ပြည်သူများအားဖမ်းဆီးခေါ်ဆောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ ကောလင်းမြို့တွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များနှင့် ရဟန်းသံဃာ များလည်း ထိခိုက်မှု၊ သေဆုံးမှု များရှိခဲ့သည်။

မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးနောက် ကာကွယ်ရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းများဖော်ဆောင်လုပ်ကိုင်လျက် ဘက်ပေါင်းစုံမှ ‌ထိန်းထားနိုင်ခဲ့သည်မှာလည်း (၃ )လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် ပကဖ အဖွဲ့ထံက သိရသည်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လူအင်အား လက်နက်အင်အား တိုးချနေ၊ ကန့်ဘလူတွင် တိုက်ပွဲမဖြစ်ဘဲ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဗုံးကျဲ

You may have missed