Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
September 12, 2026

တရုတ်နှစ်သစ်ကူး အခါသမယတွင် ပန်ဆိုင်းမြို့ရှိ ဒုက္ခသည်များကို ကိုးကန့်တပ် MNDAA ကဆန်နှင့်ဆီထုတ်ဝေပေး

တရုတ်နှစ်သစ်ကူး အခါသမယတွင် ပန်ဆိုင်းမြို့ရှိ ဒုက္ခသည်များကို ကိုးကန့်တပ် MNDAA ကဆန်နှင့်ဆီထုတ်ဝေပေး

ဇန်နဝါရီ ၂၅၊ VOR

ဇန်နဝါရီလ ၂၂ ရက်နေ့ တရုတ်နှစ်သစ်ကူးအခါသမယတွင် MNDAA၏အလုပ်အမှုဆောင်အဖွဲ့သည် အထူးဒေသ (၁)၊ မုံးကိုးခရိုင်၊ ပန်ဆိုင်းမြို့သို့ရောက်ရှိပြီး ဒေသခံအရပ်သားများကိုကြည့်ရှုကာ ဆန်နှင့်ဆီများထုတ်ဝေပေးခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

MNDAA အလုပ်အမှုဆောင်အဖွဲ့သည် ဒေသတွင်းရှိ ရပ်ကွက်(၁၀)ခု၏ ဆင်းရဲဒုက္ခသည်မိသားစု (၄၀၀)ကျော်၊ အလွန်ဆင်းရဲသောမိသားစု ၊ မသန်စွမ်းသောမိသားစုနှင့် ဗမာမိသားစုများကို ဆန်(၁၀)တန်နှင့် စားသုံးဆီ ဗူး(၄၀၀)ထုတ်ဝေခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ပန်ဆိုင်းနယ်စပ်ဂိတ်ပေါက်ကို တရားဝင်ပြန်လည်သိမ်းယူနိုင်ပြီး ၎င်းနယ်မြေကို လွတ်မြောက်နိုင်ခဲ့သည်ဟု MNDAAက ကြေငြာခဲ့သည်။

ထို့ပြင် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်တွင် ပန်ဆိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့၏ အာဏာပြန်လည်ထူထောင်နိုင်ခဲ့ပြီးဟုလည်း ကြေငြာခဲ့ပြီး လက်ရှိ ဒေသခံအရပ်သားများ၏ စားသောက်နေထိုင်ရေးနှင့် ထုတ်လုပ်ရေးလည်း တစ်ဖြည်းဖြည်း ပြန်လည်စတင်လာနေသည်ဟု သိရသည်။

You may have missed