Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်သား အချို့ရခိုင်တွင် ပြန်လည်တိုက်ပွဲဝင်၊ ရက္ခိုင် မြို့နယ် ၆ခုတွင် စစ်မီးပြင်းထန်နေ

အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်သား အချို့ရခိုင်တွင် ပြန်လည်တိုက်ပွဲဝင်၊ ရက္ခိုင် မြို့နယ် ၆ခုတွင် စစ်မီးပြင်းထန်နေ

ဇန်နဝါရီ ၂၂၊ VOR

ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုတို့သည်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ တိုက်ပွဲဝင်နေကြပြီဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ထို့အတူ စစ်ကောင်စီသည် ရေလမ်းမှလည်း စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ရက္ခိုင်ဒေသအတွင်း ဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု ဆိုသည်။

ယမန်နေ့၊ ည (၈) နာရီ (၄၈) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့မှာ မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရက္ခိုင်ပြည်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲစသည့် မြို့နယ် ၆မြို့နယ်၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့၊ ညနေဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့မှ စျေးဝယ်၍ ပြန်လာကြသည့် ခရေမြိုင်ကျေးရွာနှင့် အင်းဖောက်ကျေးရွာတို့မှ ဒေသခံအမျိုးသား (၃) ဦးတို့အား မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကြီးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံမျိုးဖြစ်ခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့်လည်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ စခန်းသိမ်းတိုက်ပွဲများအပြင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကိုပါ ဗျူဟာမြောက်စွာ ဆင်နွှဲလျက်ရှိရာ ရက္ခိုင်ဒေသတွင်း၌မူ တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လျက်ရှိသည်။ 

အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်သား အချို့ရခိုင်တွင် ပြန်လည်တိုက်ပွဲဝင်၊ ရက္ခိုင် မြို့နယ် ၆ခုတွင် စစ်မီးပြင်းထန်နေ

You may have missed