ဇန်နဝါရီ ၂၂၊ VOR
ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai ၏ အမှတ်စဥ်(၁) N.C.O စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၁ရက်တွင် CDF-Daai က သတင်းထုတ်ပြန်သည်။
အဆိုပါ အမှတ်စဥ်(၁) N.C.O စစ်ပညာသင်တန်းဆင်းပွဲကို ဒိုင်ရ်ဒေသအုပ်ချုပ်ရေးအဖွဲ့များ ၊ CDF – Daai ၏ ကာကွယ်ရေးအကြီးအကဲများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
သင်တန်းကာလ(၂)လ ပြုလုပ်ခဲ့ပြီး သင်တန်းသား ဦးရေး (၁၀၀) ကျော် တက်ရောက်သင်တန်းပြီးစီးခဲ့ကြကြောင်း CDF – Daai အနေဖြင့် ချင်းပြည်ကို ကာကွယ်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများတွင် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သိရသည်။





More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ