ကေအဲန်ယူအုပ်ချုပ်သည့် ဘီးလင်းမြို့နယ်တွင် “လူထုအုပ်ချုပ်ရေး အသိပညာပေး” ရက်တို သင်တန်းပြုလုပ်
ဇန်နဝါရီ ၂၂၊ VOR
ကေအဲန်ယူအုပ်ချုပ်နယ်မြေ ဘီးလင်းမြို့နယ်တွင် ခရိုင်အဆင့် ပြည်တွင်း ဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P)မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်မှ (၁၉)ရက်နေ့အထိ (၂)ရက်တာ “လူထုအုပ်ချုပ်ရေး အသိပညာပေး” ရက်တို သင်တန်းကို ပြုလုပ် ပြီးစီးခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကေအဲန်ယူ−ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေရှိ ကျေးရွာ များမှ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ချမှတ်ထားသော ဥပဒေ၊ စည်းမျဥ်းစည်းကမ်း၊ မူဝါဒ၊ လမ်းစဥ် လုပ်ငန်းစဥ်များနှင့်အညီ မိမိကျေးရွာဒေသတွင် အဘက် ဘက်မှ ဖွံ့ဖြိုးရေးအတွက် ချိတ်ဆက်လုပ်ဆောင်မှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် လုပ်ထုံးလုပ်နည်းများအား သိရှိနားလည်ကာ ပြန်လည်အကျိုးပြု၍ လုပ်ဆောင်နိုင်ရန်နှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူနေမှုစနစ် တည်ဆောက်နိုင်ရန်အတွက်ဖြစ်သည်ဟု ခရိုင်ဥဣဌ−ပဒိုစောစိုးမြင့် မှပြောသည်။
ထိုသင်တန်းသို့ ခရိုင်၊ မြို့နယ် ခေါင်ဆောင်များ၊ (C.I.D.K.P)၊ KYO တာဝန်ရှိ ခေါင်းဆောင်များ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်ရှိ ရွာ (၁၅)ရွာမှ တစ်ရွာ ကိုယ်စားလှယ် (၂)ဦးစီတက်ရောက်၍ အခမ်းနားဖွင့်လှစ်ခဲ့ကာ “လူထုအုပ်ချုပ်ရေး အသိပညာပေး” (Community Governance Skill Training) ခေါင်းစဥ်ဖြင့် သင်တန်းကို ဗဟို သင်တန်းဆရာ စောထရူးမန်းမှ သင်တန်းပို့ချပေးခဲ့ပြီး စုစုပေါင်း လူဦးရေ (၃၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။






More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်