Categories

February 2025
M T W T F S S
 12
3456789
10111213141516
17181920212223
2425262728  
February 13, 2025

မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ

ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးနဲ့အဖွဲ့ ထွက်ပြေးဒုဗိုလ်မှူးကြီး စိုင်းသူရဌေးဟာ မဲပလီရွာသားတွေကို ရိုက်နှက်ဖမ်းဆီးသေအောင်သတ်ခဲ့သူဖြစ်ပြီး တော်လှန်ရေးတပ်တွေ လိုက်လံရှင်းလင်းနေကရင်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံး၊ ထွက်ပြေး၊ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်အရာရှိကြီးတွေကို အမည်တွေနဲ့တကွ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇စစ်ဗျူဟာက ဒီနေ့ ဖေဖော်ဝါရီ ၄ရက်မှာ ထုတ်ပြန်လာပါတယ်။မဲပလီဗျူဟာစခန်းကြီးကို ဖေဖော်ဝါရီလ ၂ရက်နေ့မှာ KNLAဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုအနည်းဆုံးနဲ့ သိမ်းပိုက်နိင်ခဲ့တာဖြစ်ပြီး အဆိုပါ မဲပလီဗျူဟာစခန်းကုန်းကို တစ်လအတွင်းအောင်မြင်စွာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ(၄၀၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတကလှမျိုးနိုင်၊ တပ်သားအာကာ၊ တပ်သားကျော်မြင့်၊ တပ်ကြပ်ကိုသက်၊ ဒုတပ်ကြပ်ကျော်ကျော်၊ တပ်သားသန်းစိုးအောင်၊ တပ်သားစောအယ်ဒိုထူး၊ တပ်သားဇော်ပိုင်၊ တပ်သားကျော်မင်းဦး၊ တပ်ကြပ်သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊ တပ်ကြပ်ကြီးကျော်ခိုင်အပါအဝင်(၄၀)ဦးခန့်သေဆုံးပြီး ၁၂၂မမ တာဝေးပစ် ဟောက်ဝေဇာအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာကျကျလျှပ်တပြက်ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကစဉ့်ကလျားထွက်ပြေးကြကာ မဲပလီဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈)မှဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးပါ (၂၀)ဦးခန့်မှာလည်း စခန်းစွန့်ခွါထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်း စကခ(၈)မှ စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း(၂၇)ဦးဖမ်းဆီရမိပြီး ကောင်မွန်စွာစောင့်ရှောက်ထားကာ ထွက်ပြေးလွတ်မြောက်နေတဲ့ မဲပလီဗျူဟာမှူးနှင့်အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံချေမှုန်းနေတယ်လို့ သိရပါတယ်။ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ်နေမျိုး၊ တပ်သားသန်းစိုးအောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၁)ရက်နေ့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာသား အမျိုးသမီးတစ်ဦးအပါအဝင်(၈)ဦးအား အကြောင်းမဲ့အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံမှာ ဆေးကုသပေးခြင်းမရှိပဲပစ်ထားခဲ့တယ်လို့ သိရပါတယ်။

ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးရဲ့ ရိုက်နှက်မှုကြောင့် အောက်တိုဘာ ၁၂ရက်နေ့မှာ မဲပလီရွာသား ကိုစိန်ဝင်း သေဆုံးသွားခဲ့ပြီး ကျန်ရှိနေတဲ့ ဒဏ်ရာရရွာသား(၇)ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ(၃)ဦးကို အောက်တိုဘာ ၁၅ရက်နေ့မှာ သထုံဆေးရုံသို့ပို့ဆောင်ဖို့ ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးမှ မဲပလီရွာမှအမျိုးသမီး(၂)ဦးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မအနိုင်ကျင့်စေခိုင်းခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂၇)စစ်ဗျူဟာ၊တပ်ရင်းများမှသူရိယစစ်ကြောင်း၊တပင်ရွှေထီးစစ်ကြောင်းတပ်ဖွဲ့ဝင်များ၊တပ်မဟာဒရုန်းအဖွဲ့၊နဂါးဖြူစစ်ကြောင်း၊တောင်ညိုစစ်ကြောင်းအပါအဝင် KNLA၊PDF၊BPLA၊FFDဒရုန်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

You may have missed