စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်စခန်းတခုမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတဦးဟာ G-3 ၂လက်၊ ကျည်ဘောက် ၄ဘောက် ၊ ၇.၆၂ကျည် ၁၀၀ကျော်ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်လာပြီး CHU PDF ထံ လက်နက်ခဲယမ်းများ အပ်နှံခဲ့ရာ CHU PDF (ချောင်းဦး PDF) ဆုငွေ ကျပ်သိန်းတစ်ရာချီးမြင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မဌာနချုပ်ဖြစ်တဲ့ ပ်မ(၁၀၁)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ(၂၅၂)မှာ တပ်သားအဖြစ်အတင်းအဓမ္မ စုဆောင်းခံရသူတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ ကျပ်သိန်း ၁၀၀နဲ့ င့်Redmi Note 13Pro တစ်လုံးဆုချီးမြှင့်ခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တပ်သားသစ်စုဆောင်ခံရသူ မောင်ဝင်းဆန်းထွေး ဟာ ဇန်နဝါရီလ ၃၁ရက်နေ့ ညပိုင်းက ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်နေ့မှာ MA1 ၁လက်၊ MA2 ၁လက်၊ ကျည်ဘောက်၃ဘောက်၊ 5.56ကျည်၁၂၀တောင့်တို့နဲ့အတူ Burma Revolution Rangers တပ်ဖွဲ့ထံသို့ခိုလှုံလာခဲ့တာလို့ သိရပါတယ်။အဆိုပါတပ်သားကို ဆုငွေသိန်း(၁၀၀)နဲ့ Redmi Note 13Pro ဖုန်းတစ်လုံးဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်တပ်က အရာရှိအရာခံဗိုလ်တွေ၊ တပ်သားတွေနဲ့ ပျူတွေအနေနဲ့ အမြင်မှန်ရကြကာ အကြမ်းဖက်စစ်တပ်လက်အောက်မနေပဲ တော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်ကြဖို့တိုက်တွန်းထားပါတယ်။
More Stories
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ
တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရေးလေ့ကျင့်ထားပြီး ဧရာဝတီကို ထိုးဖောက်နေပြီလို့ AYA PDF အမှတ် (၂၉) ဗျူဟာက ပြောပါတယ်။