Categories

February 2025
M T W T F S S
 12
3456789
10111213141516
17181920212223
2425262728  
February 14, 2025

ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ

မကွေးတိုင်း ငဖဲမြို့နယ်ရှိ ဂုတ်စည်းရိုးစခန်း၊ ဂုတ်စည်းရိုးရွာနဲ့ MPT တာဝါတိုင်ပင်မစခန်းတွေကို ဖေဖော်ဝါရီ ၂ရက်နေ့မှာ အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ဂုတ်စည်းရိုးစခန်းကို အာရက္ခတပ်တော်က ဇန်နဝါရီ ၃၁ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၄ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါ ၃၀၀ကျော်သေဆုံးပြီး သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ဒုတပ်မမှူးနဲ့ အမြောက်အဖွဲ့တွေဟာ ကစဉ့်ကလျားဆုတ်ခွာပြေးရပြီး လက်နက်ခဲယမ်းတွေနဲ့ သေဆုံးသူအလောင်းတွေကို စီတန်းကာ ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း လူမှုကွန်ယက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဂုတ်စည်းရိုးကနေ ဆုတ်ခွာလာတဲ့ စစ်အုပ်စုုဟာ တုံးကြီးဗျူဟာစခန်းမှာ ပူးပေါင်းခံစစ်ပြင်နေပြီး နတ်ရေကန်ဗျူဟာမှာလဲ တိုက်ပွဲတွေ အရှိန်မြင့်ပြင်းထန်နေရာ အဆိုပါစခန်းတွေကျသွားပါက မကွေးတိုင်း၊ ပဒန်းမြို့နယ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။နတ်ရေကန်ဗျူဟာမှာလဲ ကာကင်းခစန်းအချို့ နဲ့ ကျေးရွာအချို့ကို AA က သိမ်းပိုက်သွားပြီဖြစ်တာကြောင့် အဆိုပါစခန်းတွေကတဆင့် ကပစတပ်တွေရှိတဲ့ မကွေးတိုင်းအတွင်းရောက်ရှိလာမှာဖြစ်ပြီး စစ်ခေါင်းဆောင်ဇာတိမြို့ဖြစ်တဲ့ မင်းဘူးမြို့ထိ AA တပ်တွေ ဝင်ရောက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။မကွေးတိုင်းဟာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ တပ်အများစုရှိပြီး ဗျူဟာမြောက်စခန်းတွေ မရှိတာကြောင့် စစ်ကောင်စီအတွက် အချက်အချာကျတဲ့နေရာဖြစ်သလို ကပစတပ်တစ်ခုကျပါက စစ်လက်နက်ထုတ်လုပ်နိုင်စွမ်းကျဆင်းကာ စစ်ကောင်စီအတွက် အထိနာနိုင်တဲ့ဒေသတစ်ခုလဲဖြစ်ပါတယ်။

You may have missed