ယောဒေသလွတ်မြောက်ရေး စစ်ရှိန်မြှင့်မယ်လို့ မတူပီမြို့နဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ယောတပ်တော်-YAက မနေ့ကဒီဇင်ဘာ၂၄ရက်မှာကြေညာပါတယ်။အိမ်နီးချင်း ချင်းပြည်နယ်ရဲ့လွတ်မြောက်မှုဟာယောဒေသ ပြည်သူတွေရဲ့လုံခြုံမှုဖြစ်ပြီး ၊ ယောဒေသလွတ်မြောက်မှုဟာလည်းအိမ်နီးချင်းမဟာမိတ်တွေအတွက် လုံခြုံမှုဖြစ်တယ်လို့ဆိုပါတယ်။ယောဒေသလွတ်မြောက်ရေး ကြိုးပမ်းရာမှာယောဒေသရှိ ဂန့်ဂေါ ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်စတဲ့ဒေသတွေကျုံးဝင်တယ်လို့သိရပါတယ်။ YAဟာ...
Year: 2024
ရခိုင်ပြည်နယ်၊အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်AAကသိမ်းပိုက်နိုင်မှုနဲ့ ရခိုင်တပြည်လုံးလွတ်မြောက်တော့မယ့်အောင်ပွဲကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ခုက ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီနေ့ ဒီဇင်ဘာလ...
တနင်္သာရီတိုင်း၊ လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရွာရှိစစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကအပြင်းအထန်ခုခံနေရတယ်လို့သိရပါတယ်။ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပါတယ်။ဒီဇင်ဘာ၂၄ရက်ထိ၂ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကကြည်း၊ရေ၊လေကနေခုခံနေရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာလေကြောင်းအပြင် ရေယာဉ်တွေကပါလက်နက်ကြီးပစ်ခတ်နေပြီး...
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ဂျောင်းတာရွာထိပ် စစ်တပ်စခန်းနဲ့ ပျူစောထီးခေါင်းဆောင်အိမ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်လို့ လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ပဲခူးခရိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၂၂ရက် မနက် ၁နာရီခန့်မှာ ဂျောင်းတာရွာစစ်တပ်ဂိတ်နဲ့ ပျူစောထီးခေါင်းဆောင် အောင်စိုးမိုးနေအိမ်ကို KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့ ပဲခူးခရိုင် ပကဖ...
အမျိုးသားညီညွတ်ရေးအစိုးရ ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဇင်ဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတကာနဲ့ ပြည်သူသို့သတင်းစကားအစီအစဉ်ကို ထုတ်ပြန်သွားပါတယ်။အဆိုပါသတင်းစကားမှာ ဦးကျော်ဇော်က အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုလိုက်ပါတယ်။မကြာသေးမီက မကွေးတိုင်းအတွင်းမှာ ‘သေဒဏ်အထိချမှတ်နိုင်သော’အရေးယူမှုဆောင်ရွက်မည်ဆိုသော အများပြည်သူဝေဖန်ထောက်ပြစရာ...
စစ်အာဏာရှင်ကို သက်ဆိုးရှည်စေဖို့ အားမပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးနေရင်း တဖက်မှာလည်း ဒေါက်တိုင်အုပ်ကြီးတွေ အပြစ်ပေးခံနေရပါတယ်။ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်မှုကြောင့် တိုင်းစစ်ဌာနချုပ်တွေတိုက်ခိုက်သိမ်းပိုက်ခံရခြင်း၊ နေပြည်တော်အမြန်လမ်းပေါ်တိုက်ပွဲဖြစ်ခြင်း၊ ရန်ကုန်တိုင်းတွင်းက ဒေါက်တိုင်တွေအပြစ်ပေးခံနေရခြင်းတွေက တော်လှန်ရေး အောင်မြင်တော့မယ့်အခြေအနေအဖြစ် အများကရှုမြင်ထားကြပါတယ်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊...
မြဝတီအနီးက လောင်းကစားမြို့ ရွှေကုက္ကိုလ်မှာ ကာလဝမ်းရောဂါကြောင့်လူသေဆုံးမှုဖြစ်ခဲ့ပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံဟာ ထိုင်း- မြန်မာနယ်စပ်က တောလမ်းတွေကို တစ်လကြာပိတ်ထားဖို့ အမိန့်ထုတ်လိုက်ပါပြီ။နယ်စပ်စည်းမျဉ်းတစ်လျှောက်က တောလမ်းတွေကိုပိတ်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးကြဖို့ မနေ့က ဒီဇင်ဘာ ၂၃ရက်နေ့မှာ ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ညွှန်ကြားချက်ထဲမှာတော့ ကာလဝမ်းရောဂါတားဆီးဖို့အတွက်...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ရက်နေ့မှာ စစ်ရှောင်စခန်းတစ်ခုအတွင်း စက်ရေတွင်းတူးဖော်ရာနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။အဆိုပါစစ်ရှောင်စခန်းမှာ ပျူစောထီးရွာကျေးရွာနဲ့ နီးခဲ့တာကြောင့် ရွာမီးရှို့ခံရခြင်း၊ ဖမ်းဆီးပြန်ပေးဆွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်သူပိုင် ဥစ္စာပစ္စည်းများ မကြာခဏလုယက်ခံရခြင်းတို့ကြောင့် ကျေးရွာကို...
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၂ဦးသေဆုံးပြီး သုံ့ပန်း ၄ဦးနဲ့ လက်နက် ၅လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၂၂ ရက် နေ့မှာ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေကို ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့...
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာမှာ စစ်ကော်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၆ဦးသေဆုံးပြီး စစ်ဗိုလ် ၁ဦးအပါအဝင် ၇ဦးဒဏ်ရာရရှိသွားကြောင်း မင်းဘူးခရိုင် တပ်ရင်း ၅က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၂၂ရက်နေ့မှာ စလင်းမြို့နယ်၊ မြောင်းခြားရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို...
