Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
February 14, 2026

ဘုတလင်၊ စီပါရွာလူသတ်မှုကို ကုလညီလာခံမှာ သံအမတ်ကြီးက ဓာတ်ပုံများကိုင်ဆောင် တင်ပြ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာမှာ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဟာ ၎င်းတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုကို ထပ်မံညွှန်ပြပေးနေတဲ့ ခိုင်လုံသော သက်သေတခုဖြစ်ကြောင်း ၇၉ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှာ ပြုလုပ်နေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ တတိယကော်မတီအစည်း အဝေးမှာ “မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍” သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်း အပြန်အလှန်ဆွေးနွေးရာ သံအမတ်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

အခုလအတွင်း ဖြစ်ပွားခဲ့တဲ့ စီပါရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်သူ ၆ဦးဟာ အပိုင်းပိုင်းခုတ်ထစ်ခံထားရတဲ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကျဲလွင့်စင်နေခြင်း၊ ဦးခေါင်းများနှင့် ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်၍နေအိမ်ခြံစည်းရိုးများတွင် ချိတ်ဆွဲထားခြင်းမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း သံအမတ်ကြီးက တင်ပြပြောဆိုပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့အနေဖြင့် လူမဆန်သောစစ်ကောင်စီအား ထောက်ခံအားပေးကာ လက်နက်၊ ခဲယမ်းများနဲ့ ဆက်စပ်နည်းပညာများကို ဘယ်လို စိတ်အခြေအနေနဲ့ ပံ့ပိုးထောက်ပံ့နေတာကို သံအမတ်ကြီး က မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံရဲ့ အလုံးစုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း သံအမတ်ကြီးက ပြောပါတယ်။သံအမတ်ကြီးအနေဖြင့် ၎င်းရဲ့ တောင်းဆိုချက်အတိုင်းထပ်တူတောင်းဆိုလိုပြီး စစ်ကောင်စီကျူးလွန်လျက်ရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ ဒေသတွင်း ရိုက်ခတ်မှုတို့ကို မပေါ့လျော့စေလိုကြောင်းလည်း တင်ပြခဲ့ပါတယ်။

You may have missed