Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
January 12, 2026

ခေါပုတ်စခန်းတိုက်ပွဲဝင်ရဲဘော်များ

ဖာပွန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း ၁၀လောင်းရရှိပြီး ၆ဦးအရှင်ဖမ်းမိ

ကရင်ပြည်နယ်၊ ဖားပွန်မြို့နယ်၊ ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခေါပုတ် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီအလောင်း ၁၀လောင်းရရှိပြီး ၆ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကြီးကို အောက်တိုဘာ ၂၉ ရက်နေ့က စခန်းသိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး ဖာပွန်မြို့နယ်အတွင်း ဖာပွန်ဗျူဟာကလွဲလို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော စစ်ကောင်စီစခန်းကြီးလည်းဖြစ်ပါတယ်။

“ဖာပွန်ဘက်က ခေါပုတ်စခန်းရပြီလို့ ကျနော့်ဒုစစ်ဆင်ရေးမှူးက သတင်းပို့ပါတယ်။ ရန်သူ့အလောင်း ၁၀ ယောက်ရပြီး ၆ ဦး အရှင်ဖမ်းမိထားတယ်လို့ပြောပါတယ်။”လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တပ်ဖွဲ့တာဝန်ခံ မောင်ဆောင်းခက သူ့ရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။ ဖာပွန်ခရိုင်အတွင်း KNLA ဦးဆောင်မှုနဲ့အတူ PDF၊ FFD၊ BPLA စတဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထွက်ပြေးသွားတာကြောင့် နယ်မြေရှင်းလင်းမူများဆောင်ရွက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။ ခေါပုတ်စခန်းကို သိမ်းပိုက်ပြီးပါက ဆက်လက်တိုက်ခိုက်ဖို့ ဖာပွန်ဗျူဟာသာ ကျန်ရှိတော့ပြီး ဖာပွန်ဗျူဟာ ရပါက ဖာပွန်မြို့နယ်တခုလုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

You may have missed