Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 30, 2026

ကရင်နီပြည် စိုးမိုးနယ်မြေတွေမှာ ကရင်နီပြည် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့တို့ လုံခြုံရေးညကင်းလှည့်

ကရင်နီပြည် စိုးမိုးနယ်မြေတစ်နေရာမှာ ကရင်နီပြည် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့တို့က ပြည်သူ့လုံခြုံရေးအတွက် ညကင်းလှည့်ခဲ့တယ်လို့ UGZ-PDF-1101 အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်က ကရင်နီပြည်စိုးမိုးနယ်မြေတစ်နေရာမှာ UGZ-PDF-1101 တပ်သားများအပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ တပ်သား၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP) နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးအတွက် ညကင်းလှည့်ကာ ရှောင်တခင်စစ်ဆေးခြင်းပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ကင်းလှည့်စဉ်အတွင်း စည်းကမ်းမလိုက်နာသူများတစ်ချို့ကိုတွေ့ရှိခဲ့ပြီး ထုတ်ပြန်ထားသောစည်းမျဥ်းစည်းကမ်းများအား ထပ်ဆင့်ရှင်းပြကာ ထိန်းသိမ်းခြင်းပြုလုပ်ရန်မလိုသောအခြေအနေမှာ သတိပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ ကရင်နီတပ်ပေါင်းစုမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပူးပေါင်းခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

You may have missed