Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
December 9, 2025

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

လောင်းလုံမြို့နယ်တွင်းစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၃ဦးသေဆုံး

လောင်းလုံမြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအ၀င် ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၁၃ဦးခန့် သေဆုံးနိုင်ကြောင်း Longlone People Defence Force-LLPDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၊ (၁၂)ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲရန်ရောက်ရှိလာတဲ့ စစ်အုပ်စုကို အောက်တိုဘာလ (၁၃)ရက်နေ့မှာ ရင်းဘုတ်ရွာအနီးမှာ တစ်ကြိမ် အောက်တိုဘာ(၁၄)ရက်နေ့မှာ ဂေါ့အင်းရွာ အနီးမှာတစ်ကြိမ် အောက်တိုဘာ(၁၆)ရက်နေ့မှာ အောက်ရေဖြူရွာအနီးမှာ တစ်ကြိမ် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း ဒရုန်းစစ်ဆင်ရေးများ တစ်ပတ်ခန့်အထိ တောက်လျှောက် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အရာရှိတစ်ဦးအပါအ၀င် အနည်းဆုံး (၁ဝ)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ပြီး (၁၃)ဦးခန့်သေဆုံးနိုင်ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းထုတ်ပြန်ထားပါ်တယ်။

You may have missed