ဩဂုတ် ၁၀၊ VOR
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ၎င်းတို့ဩဇာခံ ခရိုနီတွေပိုင်ဆိုင်တဲ့ ရွှေလုပ်ကွက်တွေရှိရာ အနီးက စစ်တပ်စခန်း ၅ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
သပိတ်ကျင်းမြို့အတွင်းက ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတပ်စခန်းတွေအနီးမှာ စစ်အုပ်စုအလိုတော်ရိခရိုနီတွေလုပ်ကိုင်လျက်ရှိတဲ့ ရွှေချိန် တန်နဲ့ချီတူးဖော်ထွက်ရှိရာ ရွှေလုပ်ကွက်နေရာတွေဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းအတွင်းက ရွှေထွက်ရာမြို့တွေဖြစ်တဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မတ္တရာမြို့တွေကို ထိုးဖောက်ဝင်ရောက်ထိန်းချုပ်နေပြီး ပုသိမ်ကြီးမြို့နယ်ထဲက စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင် ဖယောင်းတောင်ရွှေတွင်းဟာလဲ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲရောက်ရှိလာပြီလို့ သိရပါတယ်။
ဒါ့အပြင် မန္တလေး-မိုးကုတ်ကားလမ်းပေါ်က ၁၄၈ ခြေလျှင်တပ်စခန်းကို မနေ့က ဩဂုတ်လ ၉ရက် ညနေ ၅နာရီမှာ TNLA နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့နယ်ကို သိမ်းပိုက်ဖို့ တပ်စခန်း ၃ခုသာကျန်ရှိပြီး တိုက်ပွဲတွေဟာ မြို့တော် မန္တလေးထိနီးကပ်လာနေပြီဖြစ်ပါတယ်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်