Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
March 25, 2025

ဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့ ၁၀၅မြို့ရှိနေတာကြောင့် နိုင်ငံရဲ့ ၂၈ရာခိုင်နှုန်းသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တယ်လို့ ဦးရည်မွန်ပြော

ဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့ ၁၀၅မြို့ရှိနေတာကြောင့် နိုင်ငံရဲ့ ၂၈ရာခိုင်နှုန်းသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တယ်လို့ ဦးရည်မွန်ပြော

ဩဂုတ် ၁၀၊ VOR

မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၅၂မြို့ရှိတဲ့အနက် စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့မြို့ပေါင်း ၉၈မြို့သာကျန်ရှိပြီး နိုင်ငံရဲ့ ၂၈ရာခိုင်နှုန်းသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ “ပြည်သူများသို့ အောင်စကား” အစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ အပြည့်အဝထိန်းချုပ်ထားတဲ့မြို့ ၇၅မြို့အပြင် စစ်ကောင်စီတပ်ကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့ ၁၀၅မြို့ရှိနေတာကြောင့် စစ်ကောင်စီထိန်းချုပ်နိုင်တဲ့မြို့ ၁၀၀တောင်မပြည့်တော့ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ အုပ်စု ၄စုခွဲကြည့်တဲ့အခါ ကျွန်တော်တို့ စစ်ကောင်စီထွက်မလာနိုင်အောင်ဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့တွေရှိတယ်။ တော်လှန်စစ်အနှံ့ပြားမြို့တွေရှိတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ဟာ ၉၈မြို့သာရှိပြီး ၁၀၀တောင်မပြည့်တော့တာကြောင့် အခုဆိုရင် မြို့အားလုံးရဲ့ ၂၈ရာခိုင်နှုန်းသာရှိတော့တယ်ဆိုတာတွေ့ရတယ်။”လို့ ဦးရည်မွန်က ဆိုပါတယ်။

စီးပွားရေးအနေနဲ့လည်း စစ်ကောင်စီဟာ မန်းမှုတ်လို့ပင်မရအောင်ကျရှုံးနေပြီဖြစ်တာကြောင့် တော်လှန်ပြည်သူတွေအနေနဲ့ လက်သီးဆုပ်မဖြည်စတမ်း စည်းလုံးညီညွတ်စွာ ဆက်လမ်းလျှောက်လှမ်းကြဖို့ တိုက်တွန်းပြောကြားပါတယ်။

ဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြို့ ၁၀၅မြို့ရှိနေတာကြောင့် နိုင်ငံရဲ့ ၂၈ရာခိုင်နှုန်းသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တယ်လို့ ဦးရည်မွန်ပြော

You may have missed