Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
March 15, 2025

လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ

လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ

ဩဂုတ် ၁၀၊ VOR

စစ်ကောင်စီလက်အောက်မှာ သီးခြားအခွင့်အရေးရနေသော မဘသ နှင့် အစွန်းရောက်လူမျိုးရေးသမားများ စစ်တပ်လော်ဘီများက မန္တလေးမြို့အစရှိတဲ့ ဒေသတွေမှာ တရုတ်လူမျိုးများကို အသက်အန္တရာယ်ခြိမ်းခြောက်လျက်ရှိပါတယ်။ မင်းအောင်လှိုင်ဘက်က စစ်ရှုံးနေမှုများကို ကာကွယ်သည့်အနေနဲ့ ဒါဟာအင်အားကြီးအိမ်နီးချင်းနိုင်ငံရဲ့ အားပေးမှုကြောင့်ဖြစ်ရကြောင်း ဆင်ခြေထွက်ပေးရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ၄င်းရည်ညွှန်းချက်မှာ တော်လှန်ရေးကို အားပေးနေတာဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ မင်းအောင်လှိုင်က ယူဆကြောင်း သုံးသပ်သူများက ပြောပါတယ်။ အဲ့ဒီနောက်မှာပဲ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စစ်တပ်လော်ဘီတွေ သီးသန့်အခွင့်အရေးယူ ကျင်းပခဲ့ကြတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စုနဲ့အကျိုးတူ လော်ဘီအုပ်စုတွေဟာ တရုတ်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို လူမှုကွန်ရက်များမှတဆင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်လာနေပါတယ်။ MNDAA ဟာ တရုတ်တပ်များအသွင် ဝါဒဖြန့်ကြပြီး ရမခ လက်လွှတ်လိုက်ရတဲ့အပေါ် တရုတ်ရဲ့ ကျူးကျော်စစ်လို့ စတင်သုံးနှုန်းလာကြတာတွေ့ရပါတယ်။ ကျော်စွာ၊ဘညွန့်၊ သဇင်ဦး၊ ကိုသက်၊ ဟန်ငြိမ်းဦး၊ အောင်စစ်သည်၊ စစ်သတင်း၊ စစ်မင်း အစရှိသော စစ်တပ်လက်အောက်ခံချန်နယ်များမှာလည်း မြန်မာနွယ်ဖွား တရုတ်များကို ခြိမ်းခြောက်မှုတွေ စတင်ခဲ့ကြပါတယ်။ မြေပြင်မှာဆိုရင်လည်း သြဂုတ်လ ၈ ရက်နေ့ မန္တလေးတွင် မြန်မာပြည်နွယ်ဖွား တရုတ်များ၏ အသက်နှင့်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်သော စာများကို မန္တလေးတွင် ဖြန့်ဝေခဲ့ကြပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လာလျှင် မန္တလေးမြို့ပေါ်ရှိ တရုတ်လူမျိုးများကို ရှင်းလင်းမီးလောင်တိုက်သွင်းမည့်အဖွဲ့များကိုထောက်ခံကြောင်း၊ မန္တလေးတွင် နေအိမ်တစ်လုံးပျက်စီးလျှင် တရုတ်အိမ် ၁ အိမ်ကို မီးရှို့မည်ဖြစ်ကြောင်း မန္တလေးသားတစ်ဦးသေလျှင် တရုတ် ၁ ဦးကို သတ်ဖြတ်မည်ဖြစ်ကြောင်း၊ တရုတ်နေအိမ်အများအပြားကို စာရင်းပြုစုထားကြောင်း မန်းလေးဇိုးလူငယ်အဖွဲ့ဟူသော အမည်ခံ အကြမ်းဖက်အဖွဲ့တဖွဲ့က ခြိမ်းခြောက်ထားပါတယ်။ လားရှိုးသိမ်းပိုက်ခံရပြီးနောက်မှာ စစ်အုပ်စုဘက်က အကြောက်တရားလွှမ်းမိုးလာတာတွေ့နေရပါပြီ။ အခုဆိုရင် တော်လှန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီထိန်းချုပ်ထားနိုင်ဆဲ မြို့ဟာ မြို့အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းသာ ရှိတော့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သြဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ဖော် ပြောကြားထားပါသည်။

You may have missed