ဩဂုတ် ၁၀၊ VOR
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ဘန်ကာအောက်ပုန်းအောင်းနေစဉ် သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA က တွေ့ရှိပြီး ကယ်တင်ဆေးကုသပေးထားတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့သော စစ်သား ၁၃ ဦးဟာ ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနဲ့ အနာပိုးဝင်ခြင်းတို့ကို ခံစားရကာ သေလုမြောပါးဖြစ်နေပြီး မြောက်ပိုင်းမဟာမိတ်တပ်က ကယ်တင်နိုင်ချိန်မှာ တချို့ကသေလုမြောပါး နေပြီဖြစ်တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
MNDAA တပ်ဖွဲ့က ဘန်ကာထဲမှ ဒဏ်ရာရရှိသူများကို ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်နဲ့ ဒဏ်ရာများကို ဆေးကုသမှု ပေးရန် နောက်တန်းဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
MNDAA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အမြဲလက် ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားများနှင့်စစ်သုံ့ပန်းများအတွက် သက် ဆိုင်ရာ ဦးစားပေး ဆက်ဆံမှု မူဝါဒများ ချမှတ်ကာ စစ်သုံ့ပန်းများကို အကာ အကွယ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်