ဩဂုတ် ၁၀၊ VOR
မြောက်ဦးမြို့ထဲကို အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်လေယာဉ်ဗုံးကြဲမှုဟာ မြောက်ဦးဟိုတယ်ရှေ့ကို ကျရောက်ခဲ့ပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာ အခုလိုဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါဗုံးဟာ ခရီးသွားပြည်သူများရဲ့ tok tok ယာဉ်ပေါ်ကို ကျရောက်ခဲ့ပြီး ယာဉ်မောင်းအပါအဝင် ခရီးသွားပြည်သူ ၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတာပါ။ မျက်မြင်ပြည်သူတဦး ပြောပြတာက ” မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး ရုပ်ပျက်ဆင်းပျက်သေသွားတယ်လို့ ” သူက ပြောပါတယ်။ မြောက်ဦးမြို့မှာ ဆက်သွယ်ရေးတွေလည်း ခက်ခဲလျက်ရှိနေပြီး ဒီတိုက်ခိုက်မှုကြောင်း အနည်းဆုံး ၄ ဦးထက်မနည်း သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရထားကြောင်း ဒေသခံတွေက ပြောပါတယ်။ မြေပြင်တိုက်ပွဲတိုင်းမှာ စစ်မနိုင်တဲ့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေအပေါ် လေကြောင်း ဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ချမှုတွေကိုသာ နေ့စဉ် ကျူးလွန်လျက်ရှိပါသည်။



Hello, I want to subscribe for this website to take newest updates, therefore where can i do it please help out.