Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
February 14, 2026

မင်းကွန်းရွာနဲ့ ရှားရှောင်းရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီး

မင်းကွန်းရွာနဲ့ ရှားရှောင်းရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီး

ဇူလိုင် ၂၄၊ VOR

ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးတည်ရှိရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းရွာနဲ့ ရှားရှောင်ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်အလုံး ၄၀ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းက မင်းကွန်းရွာ လမ်းမပေါ်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၁ဦးနဲ့ ပျူစောထီး ၁ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် အဆိုပါကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ အရပ်သား ၄၀နီးပါးကိုဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါကျေးရွာ ၂ရွာကို မနေ့က နေ့လည်အချိန်မှာ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း မင်းကွန်းရွာစခန်းမှ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မင်းကွန်းရွာ အိမ်ခြေ ၄လုံးခန့်နဲ့ ရွာသစ်ပိုင်း မီးရှို့ခံရသော အိမ်ခြေ မသိရသေးသလို ရှားရှောင်းရွာ အိမ်ခြေ ၂၈လုံး ခန့်ဖျက်ဆီးသွားတယ်လို့ Wetlet Information Network က အသိပေးထားပါတယ်။

You may have missed