ဇူလိုင် ၂၄၊ VOR
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)စစ်ဒေသ-၁၊ အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းဆင်းပွဲကို BLDF ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဒေသခေါင်းဆောင်များ၊ အခြေစိုက်ဒေသမှ ပြည်သူလူထုများတက်ရောက်ခဲ့ကြကာ စစ်ရေးတာဝန်ခံနဲ့ ဗဟိုကော်မတီဝင်တစ်ဦးမှ သင်တန်းဆင်းမိန့်ခွန်းနဲ့ အမှတ်တရစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းရဲဘော်များမှ ပြည်သူလူထုရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သင်တန်းထူးချွန် ဆုရရဲဘော်များအား ဆုချီးမြှင့်ခြင်းနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ တက်ရောက်ရင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်ချက်ကြီးများကို အောက်မေ့သတိရ ဂုဏ်ပြုခြင်းအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။












More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်