ဇူလိုင် ၁၆၊ VOR
နေပြည်တော် အေလာ လေတပ်ကို ရှော့တိုက်ဒုံး ၂လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
နေပြည်တော် အေလာလေတပ်အတွင်းကို ဒီနေ့ ဇူလိုင်လ ၁၆ရက် မနက် ၈နာရီ ၄၅မိနစ်အချိန်မှာ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။
ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး အခြေအနေ အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ နေပြည်တော် အေလာလေဆိပ် ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေဆိပ်ခြံစည်းရုံးပေါ်ကို တစ်လုံး၊ ကြံစိုက်ခင်းအတွင်းတစ်လုံး ကျရောက်ပေါက်ကွဲတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမသိရသေးပေမယ့် Brave Warriors for Myanmar – BWM အဖွဲ့က အေလာလေတပ်ကို ၃ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက် နေ့ကလည်း နေပြည်တော်ရှိ စစ်ကောင်စီရဲ့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို NUG ကာကွယ်ရေး၀န်ကြီး ဌာနက ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ