ဇူလိုင် ၁၃၊ VOR
မန္တလေးဒေသမှာ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ဆောင်နိုင်ဖို့အတွက် မူကြမ်းရေးဆွဲပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီလို့ မန္တလေးတိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မနေ့က ထုတ်ပြန်ကြေညာပါတယ်။
မန္တလေးဒေသ အတွက် ကြားကာလ နိုင်ငံရေး အစီအမံ တရပ်ကို ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်ဟာ အခုအခါ လိုအပ်ချက် တခု ဖြစ်လာတယ်လို့ ဆိုပါတယ်။
ကြားကာလနိုင်ငံရေး အစီအမံတရပ် ဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထား များကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRMH) အပါအဝင် ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထု လှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာ အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန္တလေးဒေသတွင်း အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ လက်လှမ်းမီ ချိတ်ဆက်ရသမျှသော တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်တွေက ညှိနှိုင်းဆွေနွေးပြီး သဘောတူလက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
မန္တလေးဒေသ လွှတ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက ၎င်းတို့ဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တရပ် ချမှတ်ကာ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ