Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
March 15, 2025

ကိုယ့်မြေကိုယ့်ရွာကစခန်းကို ကိုယ်တိုင်သိမ်းပိုက်ပြီး အိမ်ပြန်ခွင့်ရသွားတဲ့ PDF ရဲဘော်ကိုဝေမိုးကျော်

ကိုယ့်မြေကိုယ့်ရွာကစခန်းကို ကိုယ်တိုင်သိမ်းပိုက်ပြီး အိမ်ပြန်ခွင့်ရသွားတဲ့ PDF ရဲဘော်ကိုဝေမိုးကျော်

ဇူလိုင် ၁၃၊ VOR

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ချိတ်ပိတ်ခဲ့တဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ မိုးကုတ်ဗျူဟာက PDF ရဲဘော်ကိုဝေမိုးကျော် က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် အသိပေးလာပါတယ်။

စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အခုလို အိမ်ပြန်ရောက်ရှိလာတာလို့ သိရပါတယ်။

” Home ♥️♥️♥️

(၃)နှစ်‌ကျော်ကာလအတွင်း

ရောက်ရှိခဲ့ပြီလေ။

ပျော်လွန်းလို့ ထိန်းမရတော့ဘူး။”လို့ ကိုဝေမိုးကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပြီး အိမ်တံခါးကို ကိုယ်တိုင်ဖျက်ဝင်နေတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အိမ်ပြန်ရပြီဆိုတဲ့ ရဲ​ဘော်က မိုးကုတ်ဗျူဟာက စစ်ဦးစီးအဖွဲဝင်တစ်ဦးဖြစ်ပြီး CDM ​ကျောင်းဆရာလဲဖြစ်တယ်လို့ ​ စာရေးဆရာ ကျန်းမာရေး CDM ဒေါက်တာ ဖြိုးသီဟကလည်း သူရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ကိုဝေမိုးကျော်ဟာ စစ်ကောင်စီရဲ့ ဖမ်း၀ရမ်းထုတ်ခံခဲ့ရကာ နေအိမ်ကိုလည်း ချိတ်ပိတ်ခံခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မိုးကုတ်ဗျူဟာက ၁၀၂၇နဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်း မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတာဖြစ်ပြီး စဉ့်ကူးမြို့နယ်ထဲက စခန်းပေါင်း ၁၁ခုကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

You may have missed