ဇူလိုင် ၇၊ VOR
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် (၁) တပ်မတော် တပ်သားသစ်စုဆောင်းရေးတပ်ရှိ ဂိတ်ကင်းကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ Yangon Army အဖွဲ့ထံက သိရပါတယ်။
ဇူလိုင်လ ၆ရက်နေ့ ည ၈နာရီ ၅၅အချိန်မှာ စစ်ကောင်စီအမှတ် (၁)တပ်မတော် တပ်သားသစ်စုဆောင်းရေး တပ်ရှိ ဂိတ်ကင်းကို Yangon Army (YA)၊ အနော်ကပိုင်းခရိုင် ပကဖတို့ပူးပေါင်းကာ ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်သားများ ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ဆက်စပ်နေသူအားလုံးနဲ့ ပြည်သူ့စစ်မှုထမ်း မတရာဥပဒေကို အားပေးအားမြောက်ပြုနေသော အုပ်ချုပ်ရေးမှူးများကို လည်း တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
နောက်ထပ်ပစ်မှတ်များကိုလည်း ဆက်လက်ချေမှုန်းသွားမှာဖြစ်တာကြောင့် စစ်ကောင်စီနဲ့ပတ်သတ်တဲ့ နေရာများနဲ့ ဝေးဝေးနေထိုင်ပေးကြရန် မေတ္တာရပ်ခံထားပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်