ဇူလိုင် ၇၊ VOR
KNLA ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့က ဗျူဟာကုန်းကို ထိုးစစ်ဆင်နေတယ်လို့ Force For Federal Democracy(FFD) က အသိပေးထုတ်ပြန်ပါတယ်။
FFD တပ်ဖွဲ့ဟာ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်း (၁၉)၊ တပ်ရင်း (၄၃၄)၊ တပ်ရင်း (၆၄၂) တို့ကို သိမ်းပိုက်စဉ် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖာပွန်ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဖာပွန်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လလယ်မှစတင် ဆင်နွှဲခဲ့ရာ စစ်ကောင်စီ တပ်ရင်းအချို့ကို သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ၁၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၆၀ဦး သေဆုံးကာ ၁၉ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်