ဇွန် ၇၊ VOR
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တပ်ရင်း ၃ရင်းပါ ဗျူူဟာ အသစ်ကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
KNDFအမိန့်အောက်ရှိ တပ်ရင်းအမှတ် ၂၂၊ ၂၃၊ ၂၄ တို့ကို ကရင်နီအအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ အမှတ်(၈)အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဘက်ကို စစ်ဆင်ရေးဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်အပါအဝင် မြို့ပြလူငယ်များနဲ့ ကရင်နီလူငယ်များပါဝင်တဲ့ KNDF ဗျူဟာအမှတ် ၇ကို ပြီးခဲ့တဲ့ မေလက ဖွဲ့စည်းခဲ့ပြီး အဆိုပါ ဗျူဟာတွင် အင်အား ၅၀၀ကျော်ပါရှိတယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးကာလ ၃နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တပ်ရင်း ၂၈ရင်းနဲ့ ဗျူဟာ ၈ခုထိ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်