မေ ၂၈၊ VOR
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့်အရှင်ဖမ်းမိကာ ဆေးကုသ နေစဉ် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပူတာအို မြို့နယ်အတွင်းသို့ မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇တပ်ရင်းစစ်ကြောင်းမှ မေလ ၁၈ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းဇေဟိန်း ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပျက်သွားသလို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းကို လုံးထွေးသတ်ပုတ်ကာ အရှင်ဖမ်းမိခဲ့တယ်လို့ ပူတာအို PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ခလရ ၁၃၇ တပ်ရင်းမှူးကို ဆေးကုသပေးနေစဉ် ဒဏ်ရာပြင်းထန်တာကြောင့် သွေးထွက်လွန်ကာ နောက်တစ်နေ့မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်