Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
May 24, 2025

လှိုင်သာယာ ကျွန်းကြီးရွာနဲ့ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို စစ်အုပ်စုပ်က ဖြိုချ ဖျက်ဆီး

လှိုင်သာယာ ကျွန်းကြီးရွာနဲ့ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို စစ်အုပ်စုက ဖြိုချ ဖျက်ဆီး

မေ ၂၅၊ VOR

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာမှ အိမ်ခြေ ၃၀၀ ကျော်နဲ့ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို စစ်အုပ်စုက ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လှိုင်သာယာမြို့ အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာ ပါဝင်တဲ့ ကျွန်းကြီးကျေးရွာမှ အိမ်ခြေ ၃၀၀ ကျော်နဲ့ ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို ကျူးကျော်ဟု ဆိုကာ မေလ ၂၄ ရက်နေ့ မှာ စစ်တပ်နှင့်ရဲများက ဘူဒိုဇာများဖြင့် အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဘုရားကြီးကို မဖျက်ဆီးရန် သံဃာတော်များက တောင်းပန်သော်လည်း မရဘဲ စစ်တပ်နဲ့ ရဲများက ဘုရားကြီး ဦးခေါင်းတော်ကနေ ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု ဖျက်ဆီးမှုကြောင့် ကျွန်းကြီးကျေးရွာမှ အိမ် ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားရတယ်လို့ သိရပါတယ်။

https://www.youtube.com/watch?v=CwgWG7Pgkwc

You may have missed