Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 15, 2025

ပုဂံတောင်ရွာ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်သားအလောင်း ၁၁လောင်းနဲ့ လက်နက်ခဲယမ်းများရရှိ

ပုဂံတောင်ရွာ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်သားအလောင်း ၁၁လောင်းနဲ့ လက်နက်ခဲယမ်းများရရှိ

မေ ၁၄၊ VOR

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာက စစ်တပ်နဲ့ပျူပူးပေါင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်သားအလောင်း ၁၁လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မနေ့က မေလ ၁၃ရက်နေ့မှာ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာက ခမရ (၃၆၇၊ ၃၆၈)တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်အခြေပြုနေတဲ့ စခန်းကို အမှတ် (၁) စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂)၊ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က Mi-2 ရဟတ်ယာဉ်ဖြင့် ဗုံး (၃) လုံးကြဲချ တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ရွှေညောင်ပင်ကျေးရွာရှိ ခမရ (၃၆၇၊ ၃၆၈) ထုတ်နုတ်အင်အားနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တို့က ၆၀ မမ ဖြင့် ပစ်ကူ တိုက်ခိုက်ပေးခဲ့ပြီး ဖောင်းပြင်မြို့မှ ခမရ (၃၆၇၊ ၃၆၈) ထုတ်နုတ်အင်အားနဲ့ ပျူစောထီး တို့နဲ့ ပူးပေါင်းကာ ပုဂံတောင်ခြေကို စစ်ကူလာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အလောင်း (၁၁) လောင်းရရှိပြီး (၃) ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ငယ် (၅) လက်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုဂံတောင်ရွာ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်သားအလောင်း ၁၁လောင်းနဲ့ လက်နက်ခဲယမ်းများရရှိ

You may have missed