မေ ၁၄၊ VOR
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကွယ်လွန်ခဲ့ခြင်းအပေါ် အထုးဝမ်းနည်းကြေကွဲရပါကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းသည် မေလ ၁၃ ရက်နေ့ ညနေ ၆နာရီ ၂၃ မိနစ် အချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိုင်းမသိဝမ်းနည်းကြေကွဲရပါကြောင်း၊
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရင်းနှီး ဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ဖွဲ့ဖြစ်သလို စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ယခု ပြည်သူ့တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နှင့် လူထုအတွက် အဖိုးမဖြတ်နိုင်သည့် တော်လှန်ရေး တာဝန်များကို ဦးဆောင်၊ သယ်ပိုး၊ ထမ်းရွက်ခဲ့သည့် တပ်မှူးကောင်းကြီးတစ်ဦးဖြစ်ပါကြောင်း အလေးအနက် မော်ကွန်းတင်အပ်ကြောင်း NUG က ထုတ်ပြန်ပါတယ်။
အမှတ် (၁) စစ်ဒေသကို မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ကာ စုဖွဲ့၊ ကွပ်ကဲခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟာ အမှတ် (၁) စစ်ဒေသနယ်မြေအတွက်သာမက တနိုင်ငံလုံး၏ ခုခံ တွန်းလှန် စစ်ကဏ္ဍအတွက် အထူးအရေးပါတဲ့ ဦးဆောင်မှုလည်း ပြုခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟာ အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်မှု အတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးလည်း ဖြစ်တယ်လို့ NUG က သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဤကဲ့သို့သော တပ်မှူးကောင်းကြီးတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကို ဆုံးရှုံးရမှုဟာကချင်အမျိုးသားထုအတွက်သာမက တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှါ မစွမ်းသာသော ဆုံးရှုံးမှုကြီးဖြစ်ပြီး ကာယကံရှင် မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းရပါကြောင်း လေးနက်စွာ ဖော်ပြလိုတယ်လို့ NUG က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်ခဲ့တဲ့ စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားမှာ ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီး မျှော်ရည်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို အစောလျင်ဆုံး ပုံဖော်တည်ဆောက် နိုင်ရန် အတွက်လည်း အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သဝဏ်လွှာနှင့်အတူ ထပ်လောင်း သန္နိဋ္ဌာန်ပြုပြောပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ