မေ ၁၃၊ VOR
စစ်ကိုင်းတိုင်းအတွင်းရှိ NUGအစိုးရထိန်းချုပ်မြို့နယ် တစ်မြို့နယ် ၏ ကျေးရွာတစ်ရွာတွင် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထောက်ပံ့သော 33/0.4 kV, 200 kVA ထရန်စဖော်မာ (အသစ်) အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲ (အသိအမှတ်ပြု) အခမ်းအနားကို မေလ ၁၁ရက်နေ့, နံနက် ၁၁:၃၀ အချိန်ခန့်တွင် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ၊ လျှပ်စစ် တာဝန်ခံ၊ တွဲဘက်တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ တရားရေး ဥက္ကဌ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ ဘဏ္ဍာရေး တွဲဘက်တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ တိုက်နယ် ၂ ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့များ၊ ရပ်ကျေး ပအဖ/ပကဖ များ အသီးသီး တက်ရောက်၍ ဖွင့်ပွဲ (အသိအမှတ်ပြု) အခမ်းအနားကို မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။
ထိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီမှ မီးဖြတ်တောက်ထားသော ကျေးရွာပေါင်း (၃၈)ရွာနှင့် ထရန်စဖော်မာ ဖျက်ဆီးထားမှု (၁၅)လုံးအထိ ရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှကြားကာလအတွင်း ကျေးရွာပေါင်း (၁၄)ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး ထရန်စဖော်မာ (၁၂)လုံးအား ပြန်လည် ပြင်ဆင်အသုံးပြုနေသည်ဟု ဆိုသည်။
မေလ ၁၁ရက်နေ့တွင် ဝန်ကြီးဌာနမှ ထောက် ပံ့သော 33/0.4 kV, 200 kVA ထရန်စဖော်မာ (အသစ်) အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ် မီးလင်းရေး လုပ်ငန်းစဥ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း NUG က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်