Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
May 2, 2026

မြဝတီဒေသဘက် ပေးထားတဲ့ အင်တာနက်လိုင်းတွေကို ထိုင်းအစိုးရ ဖြတ်တောက်

မြဝတီဒေသဘက် ပေးထားတဲ့ အင်တာနက်လိုင်းတွေကို ထိုင်းအစိုးရ ဖြတ်တောက်

မေ ၁၀၊ VOR

ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ် မြဝတီဒေသကို ပေးထားတဲ့ အင်တာနက်လိုင်းတွေဟာ ရွှေကုက္ကိုလ်နဲ့ KK PARK ကျားဖြန့်လုပ်ငန်းတွေကိုအထောက်အကူဖြစ်စေတာကြောင့် မနေ့က မေလ ၉ရက်နေ့မှာ ထိုင်းအစိုးရက ဖြတ်တောက်ပစ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာဘက်ခြမ်းကို ပေးထားတဲ့ ထိုင်းအင်တာနက်ကြိုးတွေကို ထိုင်းအဏာပိုင်တွေက လာရောက်သိမ်းဆည်းဖြတ်တောက်လိုက်တာပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကိုက္ကိုမြို့သစ်နဲ့၊ မယ်ထော်သလေးကျေးရွာအနီးက KK PARK မြို့သစ်စီမံကိန်းနေရာတွေမှာ မနေ့ကစပြီး ထိုင်းဆင်းကဒ်အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။

ထိုင်းဘုရင့်တပ်မတော် ခြေလျှင်တပ်ရင်း အမှတ် ၃၅ နရဲစွန်းအထူးတပ်ဖွဲ့နဲ့ နယ်စပ်လုံခြုံရေးအထူးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မနေ့က မနက်ပိုင်းမှာ အထူးစစ်ဆင်ရေးတရပ်အနေနဲ့ လမ်းကြောင်းအတိုင်းသွယ်သန်းထားတဲ့ ကေဘယ်ကြိုးတွေကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့ကပြောဆိုမှုကို AlJazeera သတင်းဌာနကဖော်ပြပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် USIP အဖွဲ့က ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းတွေ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်တွေရှိတယ်လို့ ပြောပါတယ်၊

တရုတ်ရာဇဝတ်ကောင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော် လည်ပတ်နေတဲ့ မြဝတီက ရွှေက္ကိုလ်ဟာ ကျားဖြန့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ ဒုစရိုက်မြို့တော်ဖြစ်တာကြောင့် စောချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက အဓိက ကာကွယ်မှာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောပါတယ်။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီဒေသမှာ Online ကျားဖြန့်လုပ်ငန်းလုပ် ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို မေလ ၁ ရက်ကနေ အောက်တိုဘာ လ ၃၁ ရက်အတွင်း ထွက်ခွါသွားကြဖို့နဲ့ သတ်မှတ်ရက်အတွင်းထွက်ခွါသွားခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ BGF က မေလ ၁ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

You may have missed