မေ ၈၊ VOR
မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က တအာင်းတပ် TNLA တပ်စခန်းရှိရာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
မေလ (၄)ရက် ည (၈း၀၀) နာရီဝန်းကျင်မှာ မိုးကုတ်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နဲ့ ခလရ- ၇၁ က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒိလို ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာအကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူ ထိခိုက်သေဆုံးမှု မရှိဘူး လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်ရပ်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိတဲ့ နေရာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်တာ ၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၆)ကြိမ်ပစ်ခတ်ခဲ့ပြီး သုံးဆယ်ကျေးရွာက အသက်(၆၀)အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်