မေ ၈၊ VOR
ကမ္ဘာ့ကြီးပူနွေးလာမှုက သာမန်နဲ့ မတူဘဲ ထူးထူးခြားခြားကို မြင့်တက်နေပါတယ်။ ဥရောပသမဂ္ဂရဲ့ ရာသီဥတုစောင့်ကြည့်ရေးဌာန ကိုပါးနီးကက်စ်ရဲ့ အချက်အလက်အသစ်အရ ပြီးခဲ့တဲ့ ဧပြီလဟာ အပူဆုံးလအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါဟာ မကြုံစဖူး ကမ္ဘာလုံးဆိုင်ရာ အပူချိန် ၁၁ လထိ ဆက်တိုက်မြင့်တိုက်လာတာပဲ ဖြစ်ပါတယ်။ ဒီအချက်အသစ်ကြောင့်ပဲ 2024 ဟာ 2023ထက် ပို၍ပူသော နှစ်အဖြစ် စံချိန်တင်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်အချို့က သတိပေးထားပါတယ်။
၁၉၉၁ မှ ၂၀၂၀ ခုနှစ်ကြားဧပြီလများထက် ၂၀၂၄ ရဲ့ ဧပြီလဟာ ၁.၅၈ ဒီဂရီစင်တီဂရိတ် ပိုပူနေခဲ့ပါတယ်။ အာရှတိုက်ရဲ့ နေရာအများစုမှာလည်း သေစေနိုင်တဲ့အပူဒဏ်နှင့် ရင်ဆိုင်နေရပါတယ်။ဘင်္ဂလားဒေ့ရှ်ရှိ စာသင်ကျောင်းများလည်း ပိတ်ထားရပါတယ်။ဗီယက်နမ်မှာ စပါးခင်းများ အထွက်နည်းလာပြီး အိန္ဒိယမှာတော့ အပူချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ မဲပေးပွဲကို ပြုလုပ်ခဲ့ရပါတယ်။
ဧပြီလမှာပဲ ကမ္ဘာ့ပင်လယ်ပြင် အပူရှိန်ဟာ၁၃ လဆက်တိုက်
စံချိန်ချိုး မြင့်တက်ခဲ့ပါတယ်။ကိုပါးနီးကက်စ်ရဲ့ အချက်အလက်များအရ သမုဒ္ဒရာမျက်နှာပြင် အပူချိန်ဟာ 21.04 ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။
ပူနွေးလာမှုကို သက်ရောက်မှုရှိတဲ့ သဘာဝရာသီဥတုပုံစံဖြစ်တဲ့ အယ်လ်နီညိုကြောင့် ကမ္ဘာကြီးပူနွေးလာရခြင်းလည်း ဖြစ်ပါတယ်။
အယ်လ်နီညိုဟာ အခုအားနည်းလာပေမဲ့လည်း ကမ္ဘာကြီးဟာ မကြုံစဖူး အပူရှိန်မြင့်တက်နေကြောင်း စထရိုက်ပ်မှ ရာသီဥတု သုတေသန ဦးဆောင်သူ ဇိခ် ဟော့စ်ဖာသာက ပြောကြားခဲ့ပါတယ်။
ဟော့်စ်ဖာသာက ၂၀၂၄ ခုနှစ်ဟာ အပူဆုံးနှစ်အဖြစ် ၆၆ရာခိုင်နှုန်းထိရှိပြီး ဒုတိယ အပူဆုံးနှစ်အဖြစ် ၉၉ရာခိုင်နှုန်း သေချာတယ်လို့ ဆိုပါတယ်။
“နောက်နှစ်လအကြာမှာ ကမ္ဘာ့အပူချိန် စံချိန်တင်နေတာမှ ကျဆင်းသွားခဲ့ရင် ရာသီဥတုဟာ သက်တောင့်သက်သာရှိလာလိမ့်မယ်” လို ဟော့စ်က ပြောပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီးဟာ ၃ ဒီဂရီနီးပါး ပိုပူနွေးလာကာ ကပ်ဘေးဆိုးကျိုးများ ရှိလာနိုင်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ