မေ ၆၊ VOR
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ လက်နက်ချအညံ့ခံခဲ့တဲ့ ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နဲ့ ၎င်းတို့၏ တပ်မိသားစုဝင်များအား မေလ (၄) ရက်နေ့၌ တွေ့ရသော ရုပ်သံမှတ်တမ်းကို AA က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဆိုပါ စကခ ၁၅ တပ်မဌာနချုပ်ကို အာရက္ခတပ်တော်မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသဖြင့် စစ်ကောင်စီတပ် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချလာခြင်းကြောင့် အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒိတပ်သားတွေထဲမှာ မကြာသေးမီကမှ လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်လူငယ်တွေလဲ ပါဝင်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်ဒေသမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် ၃ခုအနက် ၂ခုနဲ့ လက်အောက်ခံတပ်ရင်းတွေကို ရက္ခိုင့်တပ်တော်က အပြတ်အသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်