Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 25, 2025

မီဒီယာသမားများအား ခြိမ်းခြောက်မှုကို ပြတ်သားစွာ ဆန့်ကျင်ပြီး သတင်းသမားများကို ကာကွယ်ပေးသွားမည်ဟု NUG သဘောထားထုတ်ပြန်

မီဒီယာသမားများအား ခြိမ်းခြောက်မှုကို ပြတ်သားစွာ ဆန့်ကျင်ပြီး သတင်းသမားများကို ကာကွယ်ပေးသွားမည်ဟု NUG သဘောထားထုတ်ပြန်

မေ ၃၊ VOR

သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယနေ့ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့က ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပတ်သက်၍ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် များထုတ်ပြန်ခဲ့ကြပြီး သတင်းမီဒီယာ အဖွဲ့အစည်းခေါင်းဆောင်များကလည်း ၎င်းတို့၏ သဘောထားများကို ဝေဖန်ထောက်ပြပြောဆိုခဲ့ကြပြီးနောက် NUG က သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ “သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ ရပ်တည်ချက်များကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုသည်ဟု NUG က ဆိုသည်။

ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသည်ဟု NUG သဘောထားကို ကြေညာချက်တွင် ဖော်ပြသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို NUG က အခိုင်အမာ ဆန့်ကျင်သည်ဟု ဆိုသည်။

သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်သည်ဟု ပြောသည်။

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး နှင့် လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွား မည်ကြိုးပမ်းအားထုတ်သွားမည်ဟု NUG က ကတိပြုပြောသည်။

You may have missed