ဧပြီ ၂၉၊ VOR
စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို၂၀၂၅ ခုနှစ် ဧပြီ ၃၀ရက်နေ့ အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အီးယူ က ကြေညာလိုက်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒု -စစ်ခေါင်းဆောင် စိုးဝင်း၊ ယာယီမ္မတ မြင့်ဆွေနဲ့ စစ်ကောင်စီအဖွဲ့တွေအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ဖွဲ့တို့အပေါ် ပိုင်ဆိုင်မှုပိတ်သိမ်းခြင်း၊ ၎င်းတို့အကျိုးစီးပွားဖြစ်စေမယ့် ရန်ပုံငွေနဲ့ စီးပွားရေးအရင်းအမြစ် ပိတ်ပင်ခြင်း၊ ဥရောပသဂ္ဂနိုင်ငံတွေ ခရီးသွားခွင့် ပိတ်ပင်ခြင်းတွေပါဝင်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ၁နှစ် သက်တမ်းထပ်တိုးခဲ့တာပါ။
ဥရောပသမဂ္ဂ အနေနဲ့ လက်နက်နဲ့ လက်နက်ထုတ်လုပ်မယ့်ကုန်ကြမ်းတွေ၊ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုလို့ရနိုင်မယ့် ဆက်သွယ်ရေးစောင့်ကြည့်ပစ္စည်း တင်ပို့မှုတွေကို ဆက်လက်ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်