Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 25, 2025

သထုံတွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အသက် ၆၇ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံး၊ ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီး

သထုံတွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အသက် ၆၇ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံး၊ ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီး

ဧပြီ ၂၉၊ VOR

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အသက် ၆၇ နှစ်အရွယ် ပြည်သူ ၁ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် သထုံမြို့နယ်၊ စစ်ကောင်စီ၏ အမတ ၄၀၂ တပ်စခန်းက လက်နက်ကြီး ၂ လုံးပတ်ခတ်ခဲ့၍ အသက် ၆၇ နှစ်အရွယ်ရှိ နောင်ဘိုရွာသား တီးရိုး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ အမတ ၄၀၂ စခန်းကပင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာ အနောက်ဘက်ရှိ ပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူပိုင် ရော်ဘာ ၁၅ ဧက မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ အကြမ်ဖက်စစ်တပ်၏ ခမရ ၉ တပ်စခန်းကလည်း ဧပြီလ ၂၇ ရက်နေ့တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

You may have missed