Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းကို KIA သိမ်းပိုက်ရရှိ၊ စစ်တပ်က လက်နက်ချအညံ့မခံသဖြင့် သေဆုံးမှုများပြား

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းကို KIA သိမ်းပိုက်ရရှိ၊ စစ်တပ်က လက်နက်ချအညံ့မခံသဖြင့် သေဆုံးမှုများပြား

ဧပြီ ၂၉၊ VOR

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ချ အညံ့မခံသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

ဧပြီလ ၂၆ နေ့တွင် အဆိုပါစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက် ရရှိခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအညံ့မခံသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ဆင်ဘိုမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် KIA က စတင်တိုက်ခိုက်ခဲ့ပြီး ဆင်ဘိုမြို့အတွင်းရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဆင်ဘို မြို့စောင့် တပ်ဖြစ်သည့် ခလရ ၁၄၁ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ယင်းတပ်ရင်းစခန်မှာ ကွင်းပြင်အတွင်းဖြစ်နေသဖြင့် မြေပြင်အနေအထားအရ ချဉ်းကပ်ရန် ခက်ခဲခဲ့ပြီး ယာယီပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသည့် ကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ချအညံ့မခံဘဲ အသေခံသဖြင့် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၀၂ ခုနှစ်တွင် ဆင်ဘိုကို မြို့အဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်ကာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

You may have missed