ဧပြီ ၂၈၊ VOR
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစောထီးရွာမှ အဝင်တံတားအားပြုပြင်ရန် ပြည်သူများအားခေါ်ဆောင်လာသည့် စစ်အင်အား ၃၀ပါစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ ၃ဦးသေဆုံးကြောင်း သိရသည်။
တောပုပျူစောထီးရွာမှ အဝင်တံတားအားပြုပြင်ရန်အတွက် ခရီးသွားပြည်သူများနှင့် နီးစပ်သောကျေးရွာများမှ ပြည်သူများကို ဓားစာခံလူသားဒိုင်းအဖြစ်အကာကွယ်ပြုပြီး ခေါ်ဆောင်ကာ တောပုကျေးရွာမှ စစ်အုပ်စု အင်အား ၃၀ ဝန်းကျင်သည် ကြေးမုံရွာအတွင်းသို့ဝင်ရောက်ချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး ပုထိမ် ၆ လုံး၊ လားလား ၃လုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးသည်ဟု သတင်းသိရပြီး စစ်အုပ်စုထံမှ ကာပိုင်ကျည် (၈၆) တောင့်ရယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို မုံရွာမြို့နယ်၊တိုက်နယ် (၁) ပ.က.ဖ မှဦးဆောင်၍ ပူးတွဲပါဝင်သောမုံရွာမြို့နယ်၊ တိုက်နယ် (၁) ပ.လ.ဖမုံရွာမြို့နယ်၊ တိုက်နယ်(၄) တပ်ရင်း( ၂၂) မုံရွာမြို့နယ်၊ အမှတ် (၂၄)တပ်ရင်း Area71 peoples defense force Monywa Special ဒိတ်ဒိတ်ကြဲSpecial Force 11Anyar Defences Force (ADF)မဟာမိတ်ညီနောင်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘောများအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်