Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

နယူးယောက်မြို့ Time Square ရင်ပြင်မှာ စစ်မှုထမ်းဥပဒေရှုတ်ချပွဲကို Performance ဖြင့်တင်ဆက်

နယူးယောက်မြို့ Time Square ရင်ပြင်မှာ စစ်မှုထမ်းဥပဒေရှုတ်ချပွဲကို Performance ဖြင့်တင်ဆက်

ဧပြီ ၂၈၊ VOR

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လယ်ခေါင်ရှိ Time Square ရင်ပြင်မှာ စစ်ကောင်စီ​ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ကြပြီး လူ ၃၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီ​ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရှုတ်ချပွဲကို အမေရိကန်စံတော်ချိန် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ( မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက်နေ့ နံနက်အစောပိုင်း) ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်၊။

အမေရိကန်ရောက် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်ကျော်မြင့်က မတရားသော တရားမဝင်စစ်မှုထမ်းဥပဒေ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့သလို အကြမ်းဖက်စစ်ကောင်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒနောက်ကွယ်က ယုတ်မာကောက်ကျစ်မှုတွေကို NYCBC အဖွဲ့မှ တာဝန်ရှိသူများက ရှင်လင်းတင်ပြပြီး တက်ရောက်လာသူများနဲ့အတူ ကန့်ကွက် ရှုတ်ချခဲ့ကြကြောင်း သိရပါတယ်။

ပွဲမှာ အဆိုတော် ကိုကျော်သီဟနှင့် ကိုဝင်းနိုင်စိုးတို့ကလည်း တော်လှန်ရေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ စစ်မှုထမ်းဥပဒေ​၏ ယုတ်မာမှုများကို Performance ဖြင့်တင်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

You may have missed