ဧပြီ ၂၈၊ VOR
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကမ်းနီးကျေးရွာဈေးအတွင်းနဲံ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ဗုံးစထိမှန်ခဲ့ပြီး ၂ ဦးကို အရေးပေါ်ကုသခဲ့ရတယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ၅ကြိမ်ပျံဝဲပြီး (၄)ကြိမ်တိုက်ခိုက်ခံရတာကြောင့် မီးလောင်မှုကို ပြည်သူများက ကြိုးစားငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က Y-8, Y-12 အစရှိတဲ့ ကင်းထောက်လေယာဉ်တွေသုံးပြီး ပစ်မှတ်ရှာဖွေကာ ဂျက်ဖိုက်တာများဖြင့် လူစုလူဝေးရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ပြည်သူများလိုက်နာရမယ့် လေကြောင်းရန်အသိပေးချက်များကို လည်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။




More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်