ဧပြီ ၂၇၊ VOR
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာရှိ နောင်ချိုမြို့နယ်၊ သရက်ကုန်း ကျေးရွာ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရယူရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်သား အများအပြား သေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့ကာ လက်ရှိအချိန်ထိ သိမ်းပိုက်ထားဆဲဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဧပြီ ၁၅ရက်ညနေပိုင်းတွင် သရက်ကုန်းကျေးရွာ စစ်စခန်းအား MDY- PDF တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုနှင့် ထိခိုက်မှုများစွာရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ (၁၉) ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျှက်ရှိရာ ထိုးစစ်ဆင်လာသော စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား (၁၅) ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧပြီလ (၂၀) ရက်နေ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် (၂) ဦး ကျဆုံးခဲ့ရပြီးး ဧပြီလ (၂၁) ရက်နေ့ တိုက်ပွဲတွင် စစ်သား (၁၃) ဦး သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ် မဟုတ်သော သာသနာ့အဆောက်အဦးများ ဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ (၂၂) ရက်နေ့၊ ညပိုင်းတွင် စစ်တပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သား (၁၅) ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၂၅) ရက်နေ့၊ နေ့လည်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၃) ဦးခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထုတ်ပြန် ထားသည်။
MDY-PDF တော်လှန်ရေးတပ်များသည် ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့တွင်လည်း ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး (၂၀) ဖြင့် ပတ်ခတ်တိုက်ခဲ့သည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ