Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 25, 2025

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၁) ၏ ပစ်မှတ်နေရာ ၂၀ကို တပြိုင်နက်တိုက်ခိုက်သည့် ရုပ်သံကို NUG ကာကွယ်ရေးထုတ်ပြန်

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၁) ၏ ပစ်မှတ်နေရာ ၂၀ကို တပြိုင်နက်တိုက်ခိုက်သည့် ရုပ်သံကို NUG ကာကွယ်ရေးထုတ်ပြန်

ဧပြီ ၂၇၊ VOR

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာအနီးရှိ စစ်ကောင်စီ၏ ကပစ ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံ၏ ပစ်မှတ် နေရာ (၂၀)ခု ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များက တပြိုင်နက် တိုက်ခိုက်ခဲ့သည့်ရုပ်သံကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ကပစ ၂၁စစ်ဆင်ရေးသည် ဧပြီလ (၁၆) ရက်နေ့၊ တွင် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (C3C) မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာ ပစ်မှတ်များအနက် တခုဖြစ်ကြောင်း သိရသည်။

အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ (၂၀)ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေး ပစ်မှတ်နေရာများသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/797528098980460

You may have missed