ဧပြီ ၂၆၊ VOR
ဖာပွန်မြို့ရှိ ရဲစခန်းနှင့်ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။
ဖာပွန်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့က စတင်ခဲ့ပြီး မတ်လ (၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲစခန်းနှင့်ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။။
တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိကြောင်း NUG က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဧပြီလ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
မတ်လ (၃၀) ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
တောင်ပိုင်းစစ်ဒေသ(JOC) ကွပ်ကဲမှုဖြင့် ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ(၂၆)ရက်နေ့တွင် ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။











More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ