ဧပြီ ၂၆ ၊ VOR
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင်း သေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွင်းခံရသည့် ဆန္ဒပြအကျဉ်းသား ၅ဦးနှင့် ပတ်သက်ပြီး ထောင်အာဏာပိုင် အပါအဝင် ၅ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မြန်မာနှစ်ဆန်း ၁ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းပေးမှုမှာ တရားမျှတမှုမရှိကြောင်းဖြင့် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲကို အကျဉ်းဦးစီးဝန်ထမ်းများအပြင် စစ်သားနှင့် ရဲပါ ပူးပေါင်းဖြိုခွင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက် ၂၄ နှစ်အရွယ် နိုင်ကျဉ်း ကိုကျော်စိုးဝင်း၊ အသက် ၂၂နှစ်အရွယ် နိုင်ကျဉ်း ကိုအောင်နိုင်ထွန်းနှင့် အခြားအကျဉ်းသားများဖြစ်ကြသည့် အသက် ၄၂နှစ်အရွယ် ဦးညွန့်ဌေး၊ အသက် ၄၃နှစ်အရွယ် ဦးထွန်းဝင်းတို့ သေဆုံးခဲ့ရသည့်အပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာရသူတွေထဲမှ ကိုယိန်းဘောမ်သည် ဧပြီ ၂၁ရက်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်သည့် ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ၅ဦးကို ဧပြီလ ၂၄ရက်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း အရေးယူထားကြောင်း သိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်